Wednesday, April 25, 2012

နေတွေပူနေချိန်မှာ........

နေတွေပူနေချိန်မှာ..မိုးနေ့တွေကို တမ်းတမနေပါနဲ့ ..

နေရောင်အောက်မှာ အစွမ်းကုန်ပျော်ရွှင်ပစ်လိုက်ပါ..။


မိုးတွေရွာနေချိန်မှာ..နေသာရက်တွေကို လွမ်းဆွတ်မနေပါနဲ့ ..


မိုးရေထဲမှာ ပျော်ရွှင်ခြင်းကို အပြည့် အဝခံစားလိုက်ပါ..။


ဝေးကွာသွားမှ နီးနီးကပ်ကပ်ရှိခဲ့ တာကို တောင့်တမနေပါနဲ့ ..


အတူတူရှိချိန်မှာ သူ့ကိုဂရုစိုက်အလေးထားပေးပါ.။

မုန်းသွားတော့ မှ ချစ်ခဲ့ တာကို နောင်တရမနေပါနဲ့ တော့ ..

သူကိုယ့် ကိုချစ်နေချိန်မှာ.. သူ့အချစ်ကို တန်ဖိုးထားလေးစားပေးပါ..။

လွန်းထားထား(ဆေးတက္ကသိုလ်)

No comments:

Post a Comment