(၁) လေးသောအရာများ (ဖိနပ်၊ ဂျင်းဘောင်းဘီစသည်) တို့ကို အောက်ဆုံးတွင် ထားပါ။
(၂) အဝတ်အစားများကို ပလပ်စတစ်အိတ်ဖြင့် ထည့်၍ ခါးလယ်မှ ခေါက်ထည့်ပါ။
(၃) ကုတ်အင်္ကျီများကို ပြောင်းပြန်လှန်၍ ကိုယ်ထည်အတိုင်း ခေါက်ထည့်ပါ။ ဘောင်းဘီများကို ခေါက်ရိုးအတိုင်း ခေါက်ထည့်ပါ။
(၄) အရောင်ရှိသော တစ်ရှူးစက္ကူများ သေတ္တာထဲ မထည့်ပါနဲ့၊ စွန်းတတ်သည်။
(၅) ဆြယ္တာအက်ႌမ်ားကို လိပ္ထည့္ပါ။ နေရာကျဉ်းပြီး တွန့်ကျေခြင်းကို ရှောင်နိုင်မည်။ လည်စီးများနှင့် ဝါဂွမ်းထည်များကိုလည်း အလားတူလုပ်ပါ။
(၆) အလှ၏ပစ္စည်းများကို ပုလင်းသေးများဖြင့် ထည့်ပါ။
(အပြန်ခရီးတွင် အိတ်မဆန့်တော့သည့် အခါတွင် ချန်ထားခဲ့နိုင်သည်)
(၇) လက်ကိုင်အိတ်အတွင်း ခြေအိတ်နှင့် အောက်ခံဘောင်းဘီများ ထည့်ပါ။ နေရာမကုန်မည့်အပြင် လက်ကိုင်အိတ်ကိုလည်း ပုံမပျက်အောင် ကာကွယ်ပေးသည်။

(မင်္ဂလာသတင်းစဉ် )
No comments:
Post a Comment