Sunday, May 6, 2012

ဝေဒနာခြေရာပျောက်

ဝေဒနာကို
မကြေငြာရဲ လေထဲပစ်ရင်
သစ်ရွက်ကလေးတွေ ကြွေကုန်မယ်။

ဝေဒနာကို
မကြေငြာရဲ ရေမှာကြဲရင်
ပုလဲလေးတွေ စိမ်းကုန်မယ်

ဝေဒနာကို
မကြေငြာရဲ မြေမှာလျှောက်ရင်
ကျောက်တုံးလေးတွေ ပျော့ကုန်မယ်
ဘယ်မှာမမကြေငြာ ဝေဒနာကို
ကဗျာမှာရေး အတွေးလေးစီ
ချစ်သူ.....သိစေရန်........

No comments:

Post a Comment