Sunday, May 6, 2012

ကျွန်မချစ်မိ အပြစ်ရှိသည်

သံယောဇဉ်ဖြင့်
နှောင်ငင်တွယ်ရစ်
ကျွန်မချစ်မိ အပြစ်ရှိသည်

တွယ်ငြိခြင်းဖြင့်
ရင်တွင်းစူးနစ်
ကျွန်မချစ်မိ အပြစ်ရှိသည်

အတွယ်အတာ ဘယ်အရာဖြင့်
ဖယ်ခွာလို့ရ ကျွန်မအသိ
ဝဋ်ရှိလေသမျှ
ချစ်မိနေရပါသလား
နှလုံးသားမှာ
အနာတရ ထာဝရဖြစ်တည်
ကျွန်မချစ်မိ အပြစ်ရှိသည်။

No comments:

Post a Comment