မိန်းကလေးတစ်ယောက်ရဲ့နှလုံးသားထဲ လှမ်းဝင်ဖို့ရာ
အချစ်၊ မေတ္တာရှိရုံနဲ့ မလုံလောက်ပါဘူး
သူ့ကို သင်နားလည်ပေးဖို့လည်း လိုပါတယ်
သူ့ရဲ့ သတ္တိထဲက ပျော့ညံ့ခြင်းကိုနားလည်ပြီး
သူ့စိတ်ဓာတ်ကို အားပေးကူညီတတ်ဖို့ လိုပါတယ်
သူ့ရဲ့ ပျော်ရွှင်ခြင်းထဲက စိုးရိမ်ပူပန်ခြင်းကိုနားလည်ပြီး
သူ့ကို ဂရုစိုက်ကြင်နာပေးတတ်ဖို့ လိုပါတယ်
သူ့ရဲ့ တဗျစ်တောက်တောက်၊ သဝန်တိုပြောဆိုမှုကိုနားလည်ပြီး
သူ့မျက်ဝန်းထဲက မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးတတ်ဖို့ လိုပါတယ်
သူ့နှလုံးသားရဲ့ ဦးတည်လျှောက်လှမ်းရာကိုနားလည်ပြီး
သူနဲ့အတူ နေပူ မိုးရွာမရှောင် လျှောက်လှမ်းပေးတတ်ဖို့ လိုပါတယ်
တကယ်တော့ သူတို့လိုချင်တာ သိပ်မများပါဘူး
သူတို့လိုတာက သူတို့ကိုနားလည်မှုပေးနိုင်သူတစ်ယောက်ကိုပါပဲ....
(99sanay)

No comments:
Post a Comment