ချောမောလှပတဲ့ရုပ်ရည်ကြောင့် လူတစ်ယောက်ကို ချစ်မိတာမျိုးမဖြစ်ပါစေနဲ့
သင့်ဘဝကို ချောမောလှပစေမယ့် လူတစ်ယောက်ကိုပဲချစ်ပါ။
လူတစ်ယောက်ရဲ့ အပြင်ပန်းအလှက ဘယ်လောက်ကြာခံမလဲ?
တကယ်လို့ အပြင်ပန်းအလှကြောင့် လူတစ်ယောက်ကို သင်ချစ်ခဲ့ရင်
သင့်အချစ်ကရော ဘယ်လောက်ကြာခံမလဲ?
လူတိုင်းအိုမင်းတတ်ပါတယ်
ဘယ်လိုပဲကြိုးစားကြိုးစား
နှစ်လရာသီရဲ့တိုက်စားခြင်းကို အန်တုမရနိုင်ခဲ့ပါဘူး။
လှပတဲ့ရုပ်ရည်လည်း တဖြေးဖြေးကွယ်လွင့်ပြီး
နောက်ဆုံးမှာ ဘဝပဲကျန်ခဲ့ပါတယ်။
အပြင်ပန်းအလှနဲ့စာရင်
သင့်ဘဝကို ပိုလှပစေမယ့်လူမျိုးကို ရွေးပါ
ဒါမှ နှစ်လရာသီတွေနဲ့အတူ
သင်တို့အချစ်တွေ အိုမင်းတာရှည်တည်တံပါလိမ့်မယ်။
(99sanay)

No comments:
Post a Comment