တချို့ကပြောတယ်
အချစ်က ရေနဲ့တူသတဲ့
ကြည်လင်အေးမြတယ်။
တချို့ကပြောတယ်
အချစ်က အရက်နဲ့တူသတဲ့
ကြာလေ မူးလေဖြစ်တယ်။
တချို့ကပြောတယ်
အချစ်က လေနဲ့တူသတဲ့
ခြေရာမထင်အောင် ထားရစ်တတ်တယ်။
အချစ်က တူနဲ့တူတယ်လို့
ကျွန်တော်က ပြောတယ်
တူတစ်ချောင်းက နောက်တူတစ်ချောင်းကို ခွဲသွားလို့မရဘူး
ဘဝအတွက် မခွဲအတူနေကြတယ်
ဘဝရဲ့ ကောင်းကောင်းဆိုးဆိုးကို အတူမျှဝေခံစားကြတယ်
ဘဝရဲ့ လေပြေ မုန်တိုင်းကို အတူခါးစည်းခံ ရင်ဆိုင်ကြတယ်။

(99sanay)
No comments:
Post a Comment