Wednesday, April 25, 2012

ပြီးဆုံးသွားမှာကိုကြောက်လို့
စတင်ခြင်းကိုရွေးချယ်ဖို့ မငြင်းဆန်မိပါစေနဲ့

လဲကျမှာကိုစိုးရိမ်လို့
မတ်မတ်ရပ်တာကိုရွေးချယ်ဖို့ မငြင်းဆန်မိပါစေနဲ့

ဆုံးရှုံးရမှာကိုထိတ်လန့်လို့
ပိုင်ဆိုင်တာကိုရွေးချယ်ဖို့ မငြင်းဆန်မိပါစေနဲ့

ခွဲခွာရမှာကိုစိုးရွံလို့
တွေ့ဆုံခြင်းကိုရွေးချယ်ဖို့ မငြင်းဆန်မိပါစေနဲ့

နာကျင်ရမှာကိုကြောက်လို့
အတူနေဖို့ကိုရွေးချယ်ဖို့ မငြင်းဆန်မိပါစေနဲ့

ကျရှုံးရမှာကိုကြောက်လို့
ထိတွေ့စမ်းသပ်တာကိုရွေးချယ်ဖို့ မငြင်းဆန်မိပါစေနဲ့

ဇာတ်ကဖို့ ကြိုတင်ဇာတ်တိုက်လို့ရတယ်
လူ့ဘဝမှာ အစမ်းလေ့ကျင့်တာတွေ မရှိဘူး
သင့်ရဲ့ရွေးချယ်ခြင်းက သင့်ရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်
(99sanay)

No comments:

Post a Comment