(၁)နင် ဘာလုပ်နေလဲ?ငါ ကောင်းကင်ကို မော့ကြည့်နေတယ်။
၃ဝဒီဂရီ မော့ကြည့်တယ်ဆိုတာ ဘာလဲ?အဲဒါ နင့်ကိုငါလွမ်းတဲ့ ထောင့်လေ...
ဘာလို့ ကောင်းကင်ကို ၃ဝဒီဂရီ မော့ကြည့်ရတာလဲ?ငါ့မျက်ရည်တွေ စီးမကျအောင်လို့...
(၂)ပျော်ရွှင်ခြင်းကို ငါတို့နှစ်ယောက် လိုက်ရှာခဲ့ဖူးတယ်အနည်းဆုံးတော့ ပျော်ရွှင်ခြင်းရဲ့အရိပ်ကို ငါတို့တွေ့ခဲ့ပါတယ်။
(၃)အချစ်က မြှောက်ကိန်းနဲ့တူတယ်။ ကိန်းတစ်ခုခုက သုညဖြစ်တာနဲ့ ရလဒ်က အမြဲသုညဖြစ်သွားတယ်။
(၄)ငါ့ကမ္ဘာထဲမှာ နင်ဟာ အမြဲဖြူစင်နေသူပါ။ ဒီလောကကြီးကသာ ညစ်ပတ်နေတာပါ။
(၅)နက်နက်နဲနဲချစ်ပါတယ်ဆိုတဲ့ အချစ်ကလည်း ဆင်းရဲတဲ့ဘဝကို ဖြတ်သန်းဖို့ ခံနိုင်ရည်ရှိရတယ်။
(၆)ချစ်ရတဲ့နင့်ရဲ့
အချစ်ကိုရဖို့ အရာအားလုံးကို ငါစွန့်လွတ်ရဲတယ်။ဒါပေမယ့် အရာအားလုံးကို
စွန့်လွတ်ပြီးနောက် ငါ့ကို နင်ချစ်နိုင်ပါဦးမလား?
(၇)အချစ်ဆိုတာ
ရှေးဘဝက တင်ကျန်ခဲ့တဲ့အကြွေးကို ဒီဘဝမှာ လာဆပ်နေတာပါတဲ့။အရင်ဘဝက
ငါဘာအချစ်ကြွေးမှာ မကျန်ခဲ့လို့လား? ဒီဘဝမှာ ငါဆပ်ဖို့ အချစ်မရှိခဲ့ဘူး။
(၈)အရင်က
အနီရောင်နှင်းဆီဆိုတာ မရှိခဲ့ပါဘူးတဲ့။အသဲကွဲသူတစ်ယောက်က နှင်းဆီဆူးနဲ့
လက်ကောက်ဝတ်ကိုဖြတ်ပြီး သွေး၊ မျက်ရည်တွေနဲ့အတူ ပွင့်ဖပ်ဖြူကို အနီရောင်
ဆိုးလိုက်တာပါတဲ့။ အဲဒီကစ အသဲတစ်ခုကွဲကြေတိုင်း နှင်းဆီနီတစ်ပွင့်
ဖူးပွင့်ခဲ့တယ်။
(၉)ငါဟာ နင့်ရဲ့မျက်ရည်တစ်စက်ဆိုရင် နင်နှုတ်ခမ်းထက် ငါကြွေကျပြီး နင့်နှလုံးသားထဲထိ စီးဆင်းမယ်။
နင့်သာ ငါရဲ့မျက်ရည်တစ်စက်ဆိုရင် ဒီတစ်သက် ငါမငိုတော့ဘူး။ နင့်ကို ဆုံးရှုံးမှာစိုးလို့ပါ။
(၁ဝ)တချို့ကပြောတယ်။ မျဉ်းဖြောင့်နှစ်ကြောင်းဟာ ဘယ်တော့မှ မဆုံနိုင်လို့ မျဉ်းဖြောင့်နှစ်ကြောင်း ဖြစ်မှာကို စိုးကြောက်တယ်တဲ့။
တကယ်တော့
ဖြတ်မျဉ်းနှစ်ကြောင်းဖြစ်မှာကို ငါအကြောက်ဆုံးပဲ။ဆုံမှတ်ရှိရက်နဲ့
တစ်နေ့နေ့၊ တစ်ချိန်ချိန်မှာ ခွဲခွာကြရတယ်။ ခွဲလေ ဝေးလေနဲ့....
(၁၁)အရမ်းချစ်ခဲ့တဲ့ချစ်သူရဲ့ အသဲကို ငါခွဲလိုက်တယ်။ သူ့အသဲ အက်သွားသံကို ငါကြားလိုက်တယ်။
ချစ်သူကိုကျောခိုင်းပြီး လှည့်ထွက်လာမှ ခုနားက အသဲအက်သံဟာ ငါ့ရင်ဘတ်ထဲကလာမှန်း ငါသိလိုက်တယ်။
(၁၂)အချစ်ဆိုတာ သားရေပင်ဆွဲနေသူနှစ်ယောက်နဲ့ တူတယ်။အနာခံရတဲ့သူက သားရေပင်ကို နောက်ကျမှ လွတ်တဲ့လူဖြစ်တယ်။
@99sanay
No comments:
Post a Comment