Saturday, April 28, 2012

တစ်ဦးကတစ်ဦးကို စိမ်းကားပြတ်တောက်စွာ ကွဲကွာလိုက်တာမျိုး ဆိုရင်တော့ ချန်ရစ်ခံရတဲ့သူဟာ နာကျင်မှုဝေဒနာကို နင့်နင့်သည်းသည်း ခံစားရတက်တယ်။ အသည်းကွဲရတယ်လို့ သုံးနှုန်းကြပေမဲ့ တကယ်တမ်း နာကျင်ရတာက နှလုံးသားဆီကပါ။

အချစ်ကို စသိလိုက်တဲ့အချိန်မှာ ကိုယ်ကသင်ကြားစရာပြင်ဆင်စရာမလိုဘဲ ဗြုန်းခနဲ ချစ်လိုက်ပြီးမှ သိလိုက်ရသလိုပဲ အသည်းကွဲတဲ့အခါ မှာလည်း ဘယ်သူမှ ပြင်ဆင်ချိန်မရလိုက်ပါဘူး။...

သစ္စာဖောက်ခံလိုက်ရတာမဟုတ်ဘဲ ရှေ့ဆက်လို့မရလို့ နောက်ဆုတ်လိုက်ကြရတဲ့ ချစ်သူတွေရဲ့ ဝေဒနာဟာ ချိုမြိန်စွာနာကျင်တဲ ဝေဒနာပါ။

အချစ်ဟာ လူကို တစ်ခဏချင်းမှာ အေးစေနွေးစေနိုင်၊ တစ်ခဏချင်းမှာ ပူလောင်စေနိုင်၊ တစ်ခဏချင်းမှာ ရဲ့ဝံ့စေနိုင်၊ တစ်ခဏချင်းမှာ စိုးရိမ် ထိတ်လန့်စေနိုင်၊ အချစ်ဟာ သူ့နေရာနဲ့သူတော့ တော်တော်စွမ်းအင်ကြီးမားတယ်လို့ပြောရမှာပါ။

                                                                                           ဂျူး-မျှော်လင့်ချက်

No comments:

Post a Comment