Tuesday, November 16, 2010

website လေးများ

www.usingenglish.com
အင်္ဂလိပ်စာကို အခြေခံမှစ၍ အဆင့်မြင့် အထိ လေ့လာနိုင်သော ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည်။ ၎င်းဝက်ဘ်ဆိုက်တွင် ယခုမှစ၍ အင်္ဂလိပ်စာကို လေ့လာလိုသူများ အတွက် အခြေခံသင်ခန်းစာများ အဆင့်မြင့် သင်ခန်းစာများအပြင် ဆရာ၊ ဆရာမများ အတွက် အထောက်အကူ ဖြစ်စေမည့် ဆောင်းပါးနှင့် သင်ကြားနည်း စနစ်များကိုပါ ထည့်သွင်းဖော်ပြထားသည်။ ထို့အပြင် အွန်လိုင်း အဘိဓာန်တစ်ခု အနေဖြင့်ပါ အသုံးပြုနိုင်ရန် စီစဉ်ပေးထားပြီး ဝက်ဘ်ဆိုက်အတွင်း Register လုပ်ထား၍လည်း ရနိုင်ပေသည်။ အင်္ဂလိပ်စာကို တိုးတက်ချင်သူတိုင်း လေ့လာသင့်သော ဝက်ဘ်ဆိုက်တစ်ခုဟု ဆိုနိုင်ပေသည်။
******************
www.medicinenet.com
edicinenet ဝက်ဘ်ဆိုက်ဟာ ဆေးပညာနဲ့ ပတ်သက်တဲ့ အသေးစိတ် အကြောင်းအရာ များကို လေ့လာ ဖတ်ရှုနိုင်မည့် ဆိုက်တစ်ခု ဖြစ်သည်။ ယင်းဝက်ဘ်ဆိုက်တွင် ဆေးနည်းပညာပိုင်းဆိုင်ရာ ဆောင်ပါးများ၊ သင်ခန်းစာများအပြင် အလွယ်တကူ ဖတ်ရှု နားလည်စေနိုင်သည့် ဆေးပညာ ဆောင်းပါးများကို အဓိကထား အသားပေး ဖော်ပြထားသည့် ဆေးပညာရပ်များအပြင် စိတ်ဝေဒနာအကြောင်း ခန္ဓာကိုယ် အဆီချခြင်းအကြောင်းစသော အကြောင်းအရာတို့ကို ပုံများနှင့်တကွ ကောင်းမွန်စွာ ဖော်ပြထားသည်။ ဆေးပညာ ဗဟုသုတ လိုလားသူတိုင်း လေ့လာသင့်ပေသည်။
******************
www.beautyassist.com
beautyassist ဝက်ဘ်ဆိုက်သည် အလှအပ အကြံပေးမှုဆိုင်ရာ ကဏ္ဍများကို တင်ပြပေးသော ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည်။ ယင်းဝက်ဘ်ဆိုက်တွင် Skin, Cosmetics, Hair, Beauty Tips စသော ကဏ္ဍခွဲလေးဖြင့် ဝေဝေဆာဆာ ဖော်ပြထားပြီး မိတ်ကပ်လိမ်းခြယ်ပုံ၊ အသားအရေ ထိန်းသိမ်းခြင်း ပြုလုပ်ပုံတို့ကို စနစ်တကျ ဖော်ပြထားသည်ကို တွေ့ရသည်။ ထို့အပြင် မင်းသမီးတို့၏ ဆံပင်ပုံစံများကို ဖော်ပြထားပြီး ပဲရစ်ဟီတန်၊ လင်ဆေးလိုဟန်၊ နီကိုးစ်ကတ်မင်းတို့၏ ဆံကေသာအလှကိုလည်း လေ့လာနိုင်ပေသည်။ Beauty Tips ကဏ္ဍတွင်လည်း အလှအပအတွက် အကြံပေးထားမှုများကိုလည်း တဝကြီးလေ့လာနိုင်ပေသည်။
*****************
www.goodtutorials.com
ဆိုက်နာမည်ကို u good tutorials တဲ့။ အိုင်တီနည်းပညာနဲ့ ပတ်သက်ပြီး ဖော်ပြထားတဲ့ ဆိုက်လေးပါပဲ။ ဘာတွေပါသလည်း ဆိုတော့ CSS, Flash, HTML, Illustrator, Java, Java script, Maya, Photography, Photo shop, PHP Ruby, 3dsMax စတာတွေပါတာကို တွေ့ရပါတယ်။ ဓာတ်ပုံသမားများအကြိုက်၊ ဒီဇိုင်းနာများ အကြိုက် သင်ခန်းစာတွေ ပါတာကို တွေ့ကြရမှာပါ။ မာယာ ဆော့ဖ်ဝဲလ်တောင်ပါတာမို့ ဒီဇိုင်းနာများ လေ့လာဆည်းပူးသင့်တဲ့ ဝက်ဘ်ဆိုက် တစ်ခုပဲ ဖြစ်ပါတယ်။ Illustrator သမားများ အတွက်လည်း အသုံးပြုနည်း လျှို့ဝှက်ချက်တွေ ပါပါတယ်။
*******************

No comments:

Post a Comment