Monday, November 15, 2010

ကျွန်မတို့ ဘာလုပ်ကြမလဲ....

ကျွန်မ ငယ်ငယ်ကလေးဘ၀က မဂ္ဂဇင်းတစ်အုပ်မှာ ဖတ်လိုက်မိတဲ့ အန်တီဆွေဇင်ထိုက်နဲ့ အင်တာဗျူးမှာ အန်တီဆွေဇင်ထိုက် ဖြေသွားတာလေးကို ခုထိ အမြဲ မှတ်မိနေပါတယ်။ အရက်၊ စီးကရက် တီဗွီကြော်ငြာများနဲ့ ပတ်သက်ပြီး အင်တာဗျုးမေးသူရဲ့  မေးခွန်းကို အန်တီ ဖြေသွားတာလေးကို အတော်လေးကို ကျွန်မ နှစ်သက်မိပါတယ်။

"လူဆိုတာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ မိမိရွေးချယ်မှုအတွက် မိမိမှာသာ တာဝန်ရှိတယ်" ဆိုတဲ့ စကားကို ကျွန်မ အမြဲတမ်းမှတ်မိနေသလို အန်တီဆွေဇင်ထိုက်ကိုလည်း အဲဒီ စကားတွေ အတွက် ကျွန်မ ကျေးဇူးတင်မိပါတယ်။

ဟုတ်ပါတယ်။ ကျွန်မတို့မှာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ အပြင်ထွက်ဖို့ အ၀တ်ဝတ်တဲ့အခါမှာလည်း ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ ကျွန်မ ဘာဝတ်သွားမလဲ ။ ဘလောက်စ် အင်္ကျီနဲ့ ထဘီလား၊ တီရှပ်နဲ့ ဂျင်းပန်လား၊ ရင်ဖုံးအင်္ကျီနဲ့ ချိတ်ထဘီလား။ ကျွန်မ နှစ်သက်ရာ ကျွန်မ ရွေးချယ်ဝတ်ပိုင်ခွင့်ရှိပါတယ်။

လုပ်ငန်းသဘောသဘာဝအရ ကျွန်မက လက်တွေ့စမ်းသပ်ခန်းထဲမှာ ရင်ဖုံးအင်္ကျီ ၊ချိတ်ထဘီနဲ့ သွားလို့ မဖြစ်ပါဘူး။ ရှပ်ဘလောက်စ်နဲ့ ဘောင်းဘီရှည်နဲ့သာ အသင့်တော်ဆုံးပါ။ civil engineer ဖြစ်တဲ့ ကျွန်မရဲ့ သူငယ်ချင်း တရုတ်မလေးကလည်း သူ လုပ်ငန်းခွင်ကို သွားတဲ့အခါ ဂျင်းဘောင်းဘီ၊ စပို့ရှပ် အင်္ကျီ နဲ့မှ ဖြစ်ပါမယ်။ လုပ်ငန်းသဘောသဘာဝကို လိုက်ပြီးတော့ သင့်လျော်တာကို ၀တ်စားဆင်ယင်တဲ့အခါမှာ လုပ်ငန်းသဘာဝ ကြောင့်ဆိုတာ နားလည်ကြပါတယ်။ လုပ်ငန်းခွင်မှာက ကျွန်မတို့ကို သိပြီးသား လူတွေပါပဲ။ လုပ်ငန်းခွင်ဆိုတာ ကျွန်မ ဘယ်သူ ဘယ်ဝါဆိုတာ နေ့စဉ်မြင်တွေ့နေတဲ့လူတွေပဲရှိတဲ့နေရာတစ်ခုပါပဲ။

ကျွန်မက လုပ်ငန်းခွင်မဟုတ်ဘဲ ပြင်ပကို ဈေးဝယ်ထွက်သည်သော်လည်းကောင်း၊ အခြား အကြောင်းကိစ္စများနှင့်သော်လည်းကောင်း သွားဖို့အတွက် ရွေးချယ် ၀တ်စားဆင်ယင်မှုရဲ့  ဖြစ်လာမယ့် နောက်ဆက်တွဲတွေကို ကျွန်မတာဝန်ယူရပါမယ်။ ကျွန်မမှာသာ တာဝန်ရှိပါတယ်။ ကျွန်မ အပြင်ကို သွားလို့ လမ်းမှာ ကျွန်မ ဘယ်သူဆိုတာကို မသိတဲ့သူတွေက ကျွန်မကို ကျွန်မရဲ့ ၀တ်စားဆင်ယင်မှုနဲ့ပဲ သိကြမှာပါပဲ။ မကြာခဏ ကြားနေရတဲ့ ရာဇ၀တ်မှုတွေကို တစ်ခါတစ်ခါတော့လည်း ရာဇ၀တ်မှုကျုးလွန်သူတွေကို အပြစ်မတင်ချင်ပါဘူး။ မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုကပဲ ရာဇ၀တ်မှုကို ဖိတ်ခေါ်နေသလိုပါပဲ။ တော်ရုံ ဘာမှ မဖြစ်တဲ့သူတောင် သွေးဆူဝေစေလောက်ပါတယ်။

ကျောင်းမှာ အ၀တ်အစားကို ဆိုးဆိုးရွားရွားဝတ်တဲ့ မိန်းကလေး နည်းပါးပါတယ်။ ကျွန်မအတန်းမှာ အဲလို ၀တ်တဲ့ မိန်းကလေးမျိုးပါလာခဲ့ရင် အတော်လေးကို စိတ်ကသိကအောက်ဖြစ်စရာတော့ ကောင်းလှပါတယ်။ ဒါမျိုး မ၀တ်ရဘူးလို့ ကျွန်မ မပြောပါဘူး။ ခေတ်ကာလ လူငယ်တွေကို ဒါမလုပ်နဲ့ …ဒါလုပ်လို့ ပြောလို့မရပါဘူး။ သူတို့ကို လုပ်စေချင်တာကို ကိုယ်က ရှေ့ကနေ လုပ်ပြမှပဲ ရပါတယ်။ သူတို့မလုပ်စေချင်တာကို ကိုယ်ကလည်း မလုပ်ဘဲ နေပြရပါတယ်။ ပထမတစ်ရက်မှာတော့ အဲလို ၀တ်စားဆင်ယင်မှုမျိုးကို ဘာမှ မပြောပါဘူး။ ၃ ခါမြောက်တွေ့တဲ့အခါမှာတော့ ကျွန်မက စာသင်တာကို ၅ မိနစ်စောပြီး ပြီးလိုက်ပါတယ်။ ပြီးတော့ အတန်းကို

မင်းတို့ကို မေးစရာ တစ်ခုရှိတယ်။ အမှန်တိုင်းဖြေပေးနော် ဆိုတော့

ကျောင်းသားတွေက မေးပါပေါ့။

ကျွန်မက ကိုယ်..အခု ဒီလိုဝတ်တာ ဘယ်လို မြင်လဲဆိုတော့ ကျွန်မ၀တ်ထားတဲ့ formal ဘလောက်စ်အင်္ကျီ၊ ဘောင်းဘီရှည်နဲ့ အပေါ်ကထပ်ဝတ်တဲ့ ဂျက်ကက်( မြန်မာအခေါ် ကုတ်အင်္ကျီ )ကို ကျောင်းသားတွေက

ကောင်းပါတယ်။ formal လို့ပြောတယ်။ တချို့ကလည်း အရမ်းလှတာပေါ့ ဘာညာနဲ့ နောက်ကြပါတယ်။

အိုကေ….ဒါဆိုရင် မင်းတို့ရှေ့မှာ ကိုယ်က စာသင်နေတယ်ကွာ…ကိုယ်က ကြိုးတစ်ချောင်း အင်္ကျီလေး ၀တ်ထားမယ်…စကပ်ကလည်း တိုတိုလေး ပေါင်လယ်လောက်ဆို မင်းတို့စိတ်ထဲ ဘယ်လိုရှိမလဲ..သက်တောင့် သက်သာ ရှိပါ့မလား လို့ ကျွန်မက မေးလိုက်တော့

ကျောင်းသားတွေက အရမ်းလှနေမှာပေါ့လို့ နောက်ပြောင်ဖြေတဲ့သူကဖြေ၊ မကောင်းဘူး လို့ပြောတဲ့သူကပြော၊ sexy ဖြစ်နေမှာပေါ့လို့ ဖြေတဲ့သူက ဖြေနဲ့ ဆူညံသွားတော့တာပေါ့။

ကျွန်မက The way we dress is sending out a message to others. OK?

ဆိုတော့ ကျောင်းသားတွေက ဟုတ်တယ်…ဟုတ်တယ် ဆိုကာ ထောက်ခံကြပါတယ်။ အဲဒီနေ့က စပြီး ကျွန်မရဲ့ အတန်းမှာ ဆိုးဆိုးရွားရွားဝတ်စားဆင်ယင်မှုမျိုးတွေ မတွေ့ရတော့ပါဘူး။

ကျွန်မတို့ရဲ့  အနေအထိုင်၊ ကိုယ်ဟန် အမူအယာတွေဟာ ကျွန်မတို့ပတ်ဝန်းကျင်က လူတွေကို ကျွန်မတို့ ဘယ်လိုဆိုတာ ပြောနေတာပါ။ စကားလုံးတွေထက် အမူအယာ ၊ actions က စကားအများကြီးပြောပါတယ်။

ကျွန်မတို့ကို လူငယ်တွေက ကြည့်နေတာပါ။ ကျွန်မတို့ ဘာလုပ်သလဲ ဆိုတာက သူတို့ဆီကို message အများကြီးရောက်ပါတယ်။ ကျွန်မတို့က ကိုယ်လုပ်ချင်တာကို မလုပ်ဘဲ အနစ်နာခံသင့်ရင်လည်း ခံရမှာပါပဲ။

ကျွန်မရဲ့  ရွေးချယ်မှုဟာ ကျွန်မတစ်ဦးတည်းအတွက်လို့ သာမန်တွေးလို့ရပေမယ့် ကျွန်မရဲ့  ရွေးချယ်မှုဟာ ကျွန်မရဲ့  ပတ်ဝန်းကျင်က လူငယ်တွေကို သွယ်ဝိုက်သောနည်းဖြင့် ဂယက်ရိုက်မှာပါပဲ။ ကျွန်မတို့ လုပ်နေတဲ့ အရာတွေက ကျွန်မတို့ တစ်ဦးတစ်ယောက်တည်း အတွက်လို့ ယူဆကောင်းယူဆလို့ ရပေမယ့်လည်း တကယ်တမ်းကျတော့ ကျွန်မတို့လုပ်လိုက်တဲ့ အရာတစ်ခုဟာ စူးစမ်းနေကြတဲ့ လူငယ်တွေဆီကို message အဖြစ်ရောက်သွားတာမို့ ကျွန်မတို့ ဘာလုပ်ကြမလဲဆိုတာ ရွေးချယ်ပြီးမှ လုပ်ကြမယ်ဆိုရင်….
်facebook ထဲကရထားတာလေးပါ အရမ်းလဲသဘောကျတယ်။အရမ်းတန်ဖိုးရှိပြီးရသပေးတဲ့စာစုလေးပါ.........

No comments:

Post a Comment