Wednesday, November 17, 2010

ယိုးဒယား ကြက်ပျားရည်



ပါဝင်သော ပစ္စည်းများ

ကြက်သား - ၁၅ ကျပ်သား
ဆား
သကြား
ကြက်သားမှုန့်
ကြက်ဥ
ကော်ရည်
ဂျုံ
ကြက်သွန်ဖြူ
ပျားရည်

ပြုလုပ်ပုံအဆင့်ဆင့်

ကြက်သားကို အချောင်းချောင်းလှီးပြီးတော့ ဆား၊ သကြား၊ သကြားမှုန့် အနည်းငယ် ထည့်ပြီး ကြက်ဥ၊ ကော်ရည်နဲ့ နယ်ပြီးမှ ဂျုံနဲ့ ပြန်လှိမ့်ပြီး ဆီပူထဲ ထည့်ကြော်ရပါမယ်။ ပြီးတော့ ကြက်သွန်ဖြူကို ဆီအနည်းငယ်သတ်ပြီး ပျားရည်၊ ဆား ကော်ရည်အနည်းငယ် ထည့်ပြီး ချက်ရပါမယ်။ ပျားရည်ချက်ပြီးရင်တော့ ပန်းကန်ပြားထဲကို ကြော်ထားတဲ့ ကြက်သားချောင်းထည့်ပြီး ပြုလုပ်ထားတဲ့ ပျားရည်ကို ဖျန်းလိုက်ပြီးရင် စားသုံးနိုင်ပြီ ဖြစ်ပါတယ်။ ဒီကြက်ပျားရည်က အချိုအရသာရှိပြီး စားလိုက်ရင် ကြွပ်ကြွပ်မွမွလေး ဖြစ်ပါတယ်

No comments:

Post a Comment