Wednesday, December 26, 2012

Colour effects & Our mood

အနီရောင်
အနီးရောင်ဟာ စွမ်းအင်နဲ့လုပ်ဆောင်နိုင်တဲ့ အင်အားကို ကိုယ်စားပြုလေ့ရှိပါတယ်။ လူတွေရဲ့ စိတ်ကိ ပိုမိုတက်ကြွစေတဲ့ စွမ်းရည်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။ Sex ကိစ္စတွေမှာ ပိုမိုဆွဲဆောင်နိုင်တဲ့အရောင်ဖြစ်သလို အဆိုးအမြင်ဘက်ကို တွန်းပို့ပေးနိုင်ပါသေးတယ်။ အမျိုးသမီးများအနေနဲ့ အနီရောင်ဝတ်စုံကို ၀တ်ဆင်တာပဲ ဖြစ်ဖြစ်၊ အနီရောင်နှုတ်ခမ်းနီဆိုးထားတာပဲဖြစ်ဖြစ် တစ်ဖက်အမျိုးသားကို ပိုမိုဆွဲဆောင်မှုရှိပါတယ်။

ပန်းရောင်
ပန်းရောင်က အနီရောင်ဖျော့ဖျော့ပုံစံကလာတယ်ဆိုပေမယ့် အနီရောင်နဲ့ အဓိပါယ်ချင်း ဆန့်ကျင်ဘက်ရှိပါတယ်။ စိတ်ခံစားမှုလွယ်ခြင်း၊ အချစ်တို့ကို ကိုယ်စားပြုနိုင်ပြီး လူ့စိတ်ကို ငြိမ်သက်လုံခြုံစေပါတယ်။ အနီရောင်က sexual ဖြစ်စေပေမယ့် ပန်းရောင်ကတော့ အတ္တကင်းတဲ့ အချစ်ကို ကိုယ်စားပြုပါတယ်။

အ၀ါရောင်
အ၀ါရောင်ကတော့ စွမ်းအင်နဲ့ မှတ်ဥာဏ်ကို ပိုမိုကောင်းမွန်အောင် လှုံ့ဆော်ပေးလေ့ရှိပါတယ်။ ကျောင်းသားတွေအနေနဲ့ အာရုံစူးစိုက်မှုရရှိစေချင်ရင် အ၀ါရောင်ကိုအခန်းမှာ ထည့်သွင်းသင့်ပါတယ်။ အ၀ါရောင်က လူ့စွမ်းအင်အတွက် အသုံးဝင်ပေမယ့် ကြီးမားတဲ့ အ၀ါရောင်ပြင်ကြီးက လူကို ပိုမိုပန်ပန်းစေတဲ့ သက်ရောက်မှုရှိပါတယ်။ အ၀ါရောင်တောက်တောက်ဆိုရင်တော့ အမြင်အာရုံကို ကသိကအောက်ဖြစ်စေတက်ပါတယ်။

လိမ္မော်ရောင်
လိမ္မော်ရောင်ဟာ အကျိုးပေးတဲ့အရောင်၊ ကိုယ့်ရဲ့ယုံကြည်မှုကို မြှင့်တင်ပေးနိုင်စွမ်းရှီပါတယ်။နုပျိုစေတဲ့ စိတ်ခံစားမှုကို ပေးပါတယ်။ အပြာရောင်၊ ခရမ်းရောင်တွေနဲ့ ကွာခြားတာက လိမ္မောရောင်ဟာ အစာခြေစနစ်နဲ့ ဆာလောင်မ့ကို လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် ဒီအရောင်တွေက စာသောက်ဆိုင်တွေနဲ့ အစာမစားတဲ့ ကလေးတွေအစာစားစေဖို့ ကူညီပေးပါတယ်။ အနီရောင်လောက် မရင့်ပေမယ့် တစ်ဖက်သားကို ဆွဲဆောင်နိုင်မှုရှိပါတယ်။ အမျိုး သားအများစုကတော့ လိမ္မောရောင်ကို အနီးရောက်ထက် ပိုမျက်စိကျလေ့ရှိပါတယ်။

အပြာရောင်
အပြာရောင်ဟာ ကုထုံးတွေအတွက် အလွန်အသုံးဝင်ပါတယ်။ အပြာရောင်ကြောင့် ခန္ဒာကိုယ်မှာရှိတဲ့ စိတ်ငြိမ်သက်စေတဲ့ ဓါတ်ထွက်လာပါတယ်။ ဘလူးဘယ်ရီအသီးကလွဲလို့ အပြာ်ရောင်အစားအစာဆိုတာမျိုး မရှိတဲ့ အတွက် အပြာရောင်ဟာ စားသုံးမှုတွေတွက် အထောက်အကူဖြစ်လေ့မရှိပါဘူး။ဒါကြောင့် လူတွေက ခန္ဒာကိုယ်အလေးချိန်လျော့ချတဲ့ အခါမှာ ကိုယ့်အခန်းကို အပြာရောင်အသုံးပြုခြင်းအားဖြင့် အစားစာချင်စိတ်ကို ထိန်းချုပ်လေ့ရှိပါတယ်။ ဒါ့အပြင် အပြာရောင်က ဂုဏ်ကျက်သရေရှိခြင်းကို ဖော်ထုတ်ပြနိုင်တာမို့ သမ္မတတွေ၊ သမ္မတလောင်းလောင်လျာတွေက အပြာရောင်လည်စည်းကို သုံးလေ့ရှိပါတယ်။
 
ခရမ်းရောင်
ခရမ်းရောင်က သဘာဝလောကကြီးထဲမှာ အလွယ်တကူမတွေ့နိုင်တဲ့ စိတ်ချောက်ချားစေတဲ့အရောင်တစ်ခုဖြစ်ပါတယ်။ တော်ဝင်နန်းဆန်မှုကို ကိုယ်စားပြုနိုင်စွမ်းရှိပါတယ်။ ခရမ်းရောင်က လူတွေရဲ့ စိတ်ကို ကြောက်ရွံမှုကိ လှုံ့ဆော်ပေးပြီး စိတ်ပိုင်းဆိုင်ရာ အာရုံခံစားမှုတွေနဲ့ ဆက်စပ်လေ့ရှိပါတယ်။ တစ်စုံတစ်ဦးရဲ့ မြင့်မားတဲ့ အာဏာကို ဖော်ကျူးနိုင်ပြီး တီထွင်မှုတွေနဲ့လည်းဆက်စပ်နေပါတယ်။
 
အစိမ်းရောင်
ကမ္ဘာလောကကြီးရဲ့ ဂေဟာစနစ်ကို ကြည့်မယ်ဆိုရင် အစိမ်းရောင်လွှမ်းမိုးထားပါတယ်။ ညီညွတ်မှုတမှုကိုထိန်းညှိပေးပြီး စိတ်လက်သက်သာစေတဲ့ ခံစားချက်ကို အထောက်အကူဖြစ်စေပါတယ်။ အစိမ်းရောင်ဟာ မျက်လုံးအတွက် အနူးညံ့ဆုံးသော ခံစားမှုကို ဖြစ်စေတဲ့အပြင် အသက်ရှုမှုကို တဖြည်းဖြည်းလျော့ချပေးပါတယ်။ ဒါပေမယ့် အလွန်အကျွံအသုံးပြုတဲ့အခါ လေးလံထိုင်းမှိုင်းမှုကို ဖြစ်ပေါ်စေပါတယ်။

အညို
ဒီအရောင်က ကမ္ဘာမြေကြီးနဲ့ သဘာဝတရားကို ကိုယ်စားပြုထားပါတယ်။ အညိုရောင်နဲ့ ပြုလုပ်ထားတဲ့ အိမ်တွေဟာ စိတ်လက်သက်သာစေပြီး ယုံကြည်မှုကို ဖြစ်ပေါ်စေပါတယ်။ ဒီလိုအကြောင်းပြချက် တွေကြောင့်အချင်းချင်း စကားစမြည်းပြောတဲ့အခါ ပိုမိုဆန္ဒရှိရှိပြောနိုင်ကြပါတယ်။ အမျိုးသားအများစုကတော့ အမျိုးသမီးတွေထက် ပိုပြီးတော့ အညိုရောင်ကို သဘောကျလေ့ရှိပါတယ်။

အနက်
အနက်ရောင်ကတော့ ဘယ်လိုလှုံ့ဆော်မှုမျိုးကိုမှ ဘယ်လိုစိတ်ြှိုမ်သက်မှုမျိုးကိုမှ ပြုလုပ်နိုင်စွမ်းမရှိပါဘူး။ ဒါကြောင့် အနက်ရောင်က လူတွေကို စိတ်ဓာတ်ကျစေပါတယ်။ အနက်ရောင် အလွန်အကျွံအသုံးပြုထားတာက ကြီးထွားမှု၊ အပြောင်းအလဲတွေကို ကာကွယ်ပေးပါတယ်။ ဒါပေမယ့် လူအများစုကတော့ စိတ်လုံခြုံမှုရှိတဲ့ ခံစားမှုမျိုးကို အနက်ရောင်ပေးနိုင်တယ်လို့ မှတ်ယူလေ့ရှိပါတယ်။

အဖြူ
အဖြူရောင်ကတော့ ငြိမ်သက်အေးစက်စေတဲ့ အသွေးရောင်တစ်ခုဖြစ်ပါတယ်။ အဖြူရောင်နဲ့ပြုလုပ်ထားတဲ့ အရာဝတ္တုတွေက လူများကို စိတ်ငြိမ်ပြီး ကြည်လင်မှုပေးပါတယ်။တချို့ယဉ်ကျေးမှုတွေမှာတော့ အသုဘအခမ်းအနားတွက် အသံုးပြုလေ့ရှိပါတယ်။
(@Fashion Magazine)

No comments:

Post a Comment