“Today is raining day but everyday is not raining day...”
သူငယ်ချင်းတစ်ယောက်လက်ဆောင်ပေးထားတဲ့ စာအုပ်ထဲကစာသားလေးပါ
စာသားလေးကအရမ်းတိုပေမယ့် ထိထိမိမိရှိတယ်လို့ထင်မိတယ်
သူပြောသလိုပါပဲ ဒီနေ့မိုးရွာပေမယ့် နောက်နေ့တွေမိုးရွာချင်မှရွာမှာ
အဲလိုပဲ အခွင့်အရေးဆိုတာနှစ်ခါမလာပါဘူး နောက်နေ့တွေဆိုတာ
ကိုယ့်အတွက်မသေချာမရေရာတွေ အများကြီးနဲ့ပါ..ဘ၀မှာ
လူတွေကဘာအာမခံချက်မှမရှိဘဲ ရှင်သန်နေရတဲ့သူတွေပါ.....တစ်ခါတလေတွေးကြည့်မိတယ် ဘ၀မှာငါဘာရည်ရွယ်ချက်နဲ့နေနေသလဲ ဘာအတွက်ပိုက်ဆံရှာနေသလဲ ဘယ်သူ့အကျိုးအတွက်လဲ သေချာတာကတော့ ကိုယ့်အကျိုးကိုတောင်မကျေပွန်သေးပါဘူး သူများအကျိုးဆိုဝေးနေပါသေးတယ်...ကိုယ့်အပူနဲ့ကိုယ်ကို လုံးချာလိုက်နေတာပါ တကယ်တမ်းကျတော့လဲ အပြောလွယ်သလောက်လက်တွေ့ကျခက်ခဲပါတယ် အဲဒါကြောင့် ကိုယ်လက်တွေ့မလုပ်နိုင်သေးသရွှေ့ လုပ်နိုင်တဲ့သူတွေကို တကယ်ကိုလေးစားပြီးအားကျမိပါတယ်
ဘ၀မှာ ကြမ်းတမ်းတဲ့အချိန်တွေဖြတ်ကျော်ရတိုင်း
စိတ်အရမ်းညစ်ရပါတယ် ဘ၀ကြီးကမနေပျော်တော့ဘူး အဲအဆင်လေးများပြေနေရင်ကျတော့လဲ
ဘ၀ကြီးကသာယာလှပလို့ပါ လူ့စိတ်ကိုပြောပါတယ်...လူတစ်ယောက်မှာအဓိက က စိတ်ပါပဲ လူတွေဆိုတာက စိတ်ကဆောင်နေကျတာပါ.....(တွေးမိတွေးရာလေးပါ)
No comments:
Post a Comment