Monday, June 25, 2012

ရွှေကံကူလေပျံသစ်တော်ဘုရား

ရွှေကံကူလေပျံသစ်တော်ဘုရား၏
ဖြစ်တော်စဉ်သမိုင်း
ထူးဆန်းသော သစ်ပျံတော်

၁၉၉၅ခုနှစ်၊ မေလတွင် စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ အထက်ချင်းတွင်း သစ်ထုတ်ရေးဒေသ မိုင်းချောင်း အကွက် (၂၄)ရှိ တွန်နိမ်ရွာနှင့် မဲဒင်းလေးရွာတို့မှ (၅)မိုင်ခန့်အကွာဝေးသော တောတွင်းတစ်နေရာမှ ရရှိခြင်းပါသည်။ သစ်ပျံတော်သည် ရေကြီးချိန်များတွင် မူလငုတ်ရင်းနေရာသို့ပြန်လည် ရောက်ရှိလေ့၇ှိတက်ကြောင်း၊ ၄င်းတုံးကြီးပေါ်တွင် အ၀တ်များ လျှော်ဖွက်မိပါက ဖျားနာခြင်း၊ ၀မ်းလျောခြင်းများဖြစ်ပွားကြောင်း၊ ၄င်းတုံးကြီးပေါ်တွင် သား၊ ငါးများ ခုတ်စင်းမိပါက ရောဂါဘယ အမျိုးမျိုးဖြစ်ပွားခြင်း၊ ဘေးအန္တရာယ်ကျရောက်ခြင်းများနှင့် ကြုံတွေ့ရကာ နောက်ဆုံးတွင် အသက်ဆုံးရှုံးရကြောင်းတို့ကို ဒေသခံများမှ သတင်းပို့ပြောပြကြပါသည်။
၎င်းသစ် ထူးခြားပုံအား မြန်မာ့သစ်လုပ်ငန်းမှ သွားရောက်သယ်ယူ စစ်ဆေးခဲ့ရာတွင် လွန်ခဲ့သော နှစ်ပေါင်း(၉၀)ကျော်ကာလ အင်္ဂလိပ်လက်ထက် BBC ၏တံဆိပ်ဟောင်းပါရှိပြီး သစ်နံပါတ်မှာ (၉၉၉)ဖြစ်ပါသည်။ အလျားမှာ ၂၇ပေနှင့်လုံးပတ်မှာ ၇ပေ၂လက်မရှိကြောင်း တွေ့ရှိရပါသည်။ ထူးခြားသည့် သစ်ပျံတော်သည် ဆွေးမြေ့ခြင်း၊ ဟောင်းနွမ်းခြင်းမရှိဘဲ၊ လတ်ဆက်လျက်ရှိပါသည်။

ရွှေကံကူလေပျံသစ်တော်ဘုရားအဖြစ်သို့
၎င်းထူးဆန်းသော သစ်အပိုင်းအား တစ်ဆင့်လက်ခံရရှိသည့် မော်လိုက်မြို့မှ ဦးမောင်မောင်+ဒေါ်ညွှ့န်ရီ (မောနင်းစတား-ကဖီး)တို့သည် ဗုဒ္ဓရုပ်ပွားတော် (၂)ဆူနှင့် ရှင်သီဝလိ ရုပ်ပွားတော်နှစ်ဆူ ထုလုပ်ကိုးကွယ်ပြီး(9-9-1995)ရက်နေ့တါင် မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့၊ ရန်အောင်မြင်ရပ်ကါက်ရှိ မိခင်ကြီးအမေကောင်းနှင့် ညီမဒေါ်နွဲ့နွဲ့အေး၊ ဒေါ်ခင်ခင်ထွေးနှင့် ညီ ဦးဘိုဘိုတို့ထံသို့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် ရှင်သီသလိ ရဟန္တာရုပ်ပွားောတ် တစ်ဆူတို့ကို ပင့်ဆောင်ပေးပို့ခဲပါသည်။ ၄င်းရုပ်ပွားတော်များတွင် ဗုဒ္ဓဓာတ်တော်များ ကိန်းဝပ်နေခြင်း၊ ရုပ်ပွားတော်ထုလုပ်ချိန်တွင် ထူြးားသော နက္ခတ်ကောင်းများနှင့် ကြုံကြိုက်ခြင်းတို့ကြောင့် တစ်နေတစ်ခြား တန်ခိုးတော်များ ကြိးများလာကာ (9-9-1999)ရက်နေ့မှစ “ရွေကံကူလေပျံသစ်တော်” ဘုရားအဖြစ် ထင်ရှားစွာ ပွင့်ထွန်းပေါ်လာတော်မူပါသည်

ထူးဆန်းသော တန်ခိုးတော်များ

ဘုရားရှင်သည် အခါအားလျော်စွာ အရပ်မျက်နှာများသို့ ပြောင်းကြွတော်မူလေ့ရှိခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ကြွမြန်းတော် မူလေ့ရှိခြင်း၊ မျက်နှာတော် ပြုံတော်မူလေ့ရှိခြင်း၊ မျက်လုံးတော် ဖွင့်တော်မူလေ့ရှိခြင်း၊ နှုတ်တော်ဖွင့်တော်မူလေ့ရှိခြင်း၊ ကိုယ့်နေရာအနှံ ရောင်ခြည်တော်များ ကွန့် မြူးလေ့ရှိခြင်း၊ ပင့်ဆောင်ဖူးမျှော်သူများကို အိပ်မက်ပေးတော်မူလေ့ရှိခြင်း၊ လှူဒါန်းသော ပန်းအဖူးအငုံ(သဘာဝပန်း၊ ပလပ်စတစ်ပန်း၊ စက္ကူပန်များ) စက္ကန့်အပိုင်းအတွင်း ပွင့်တော်မူစေခြင်း၊ လှူဒါန်းထားသော သောတော်ရေများ ဆူဝေတော်မူခြင်း၊ ကျောင်းဆာင်သော့ခတ်ထားရှိရာမှ တန်ခိုးတော်ဖြင့် မှန်ဖွင့်ထွက် ကြွတော်မူခြင်း၊ ဘွဲ့တော်သည် အိပ်မက်ဖြင့် ပေါ်ပေါက်လာခြင်း (2003ခုနှစ်၊ မေလ) ရန်ကုန်မြို့တွင် မကိုဋ်စလွယ်တော် ရေစက်ချ လှူဒါန်းချိန်တွင် တစ်ခန်းတည်း ငလျင်လှုပ်ခငြ်ါ် (2004ခုနှစ် ၊မေလ) စသည်ဖြင့် တန်ခိုးတော်များပြသလေ့ရှိပါသည်။
ယခုအခါ ”ရွှေကံကူလေပျံသစ်တော်” ရုပ်ရှင်တော်မြတ်သည် မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်၊ ရန်အောင်မြင်ရပ်ကွက်၊ ဘုရားအမကြီး အမေကောင်း၏နေအိမ်တွင် သီတင်းသုံးလေ့ တော်မူလျက်ရှိပါသည်။ ပါရမီဆက် သာဝကများတို့၏ ပင့်ဆောင်ပူဇော်ရာ မြန်မာနိုင်ငံ တစ်နံတစ်လျား တိုင်းနှင့်ပြည်နယ် မြို့ရွာအနှံအပြားသိုက ဒေသစာရီခရီးများ ကြွမြန်းတော်မူလျက်ရှိပါသည်

No comments:

Post a Comment