Friday, May 11, 2012

ကဗျာနှင့်စာစုလေးများ


လမ်းခွဲမယ်ဆိုတုန်းက မခွဲပါနဲ့မတောင်းဆိုခဲ့မိဘူး
ဘာလို့လဲဆိုတော့
သူက လမ်းခွဲချင်နေခဲ့လို့

ထားခဲ့မယ်ဆိုတုန်းက မထားခဲ့ပါနဲ့မတောင်းဆိုခဲ့မိဘူး
ဘာလို့လဲဆိုတော့
သူကထွက်သွားချင်နေခဲ့လို့

မေ့ထားခံရတုန်းက သတိရနေပါလို့မတောင်းဆိုခဲ့မိဘူး
ဘာလို့လဲဆိုတော့
သူကသတိမရချင်ခဲ့လို့

တကယ်တော့အချစ်ဆိုတာ
စတည်းက ကိုယ့်ကိုလာချစ်ပါတောင်းဆိုလို့မရသလို
မုန်းသွားတော့လည်း မမုန်းပါနဲ့ဆိုပြီး ဘယ်တာင်းဆိုလို့ရပါ့မလဲ

အချစ်ဆိုတာ သူစိတ်ချမ်းသာရာကို
ကိုယ်ကခွင့်ပြုပေးလိုက်ရတဲ့အရာမျိုးပါပဲ
ခွင့်မပြုတဲ့အခါ နှစ်ဦးနှစ်ဖက်လုံးနာကျင်ရပါတယ်
အချစ်မှာကိုယ်မဖြစ်ချင်တဲ့အရာကို သူကဖြစ်ချင်တဲ့အခါ
သူ့ဖြစ်ချင်တာဖြစ်ခွင့်ပေးလိုက်တာဟာလဲ ချစ်ခြင်းတမျိုးပဲလေ~~

" ဘယ်တုန်းကမှ မတောင်းဆိုခဲ့မိဘူး "

ချစ်တုန်းက
လာချစ်ပါလို့
ပြောခွင့်မရှိသလို
မုန်းသွားတော့လည်း
မမုန်းပါနဲ့လို့
ဘယ်တားခွင့်ရှိပါ့မလဲ~~

သူ့အကြိုက်.သူဆောင်
သူ့သဘော သူဆောင်
မနာကျင်သယောင်တော့...
အချစ်ရယ်~~
ကိုယ် နဲနဲဟန်ဆောင်ခဲ့ရပါတယ်~~

No comments:

Post a Comment