Thursday, April 26, 2012

ယုံကြည်ကိုးစားမှုကနေ အချစ်တစ်ခု ပေါက်ဖွားလာနိုင်တယ်။ ဘာကြောင့် ချစ်မိသွားသလဲလို့ မေးလာခဲ့ရင် ကိုယ့်အတွက် အဖြေရတော်တော်ခက်လိမ့်မယ်။ အချစ်ဟာ အကြောင်းပြချက်နဲ့ ဆောင်ရွက်လို့ရတဲ့ အမှုကိစ္စတစ်ခု မဟုတ်ဘူးလေ။ ဒီလိုဆိုပြန်တော့ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ ခံစားချက်သက်သက်ပဲလားလို့ ထင်စရာရှိတယ်။ အချစ်ဟာ ကာယကံရှင်ရဲ့  ခံစားချက်သက်သက်လည်းမဟုတ်ပါဘူး။
အချစ်ဟာ ခံစားချက်ဆိုရင်လည်း အဲဒါမိမိကိုယ်တိုင်ရဲ့  ခံစားချက်မဟုတ်ဘဲ တစ်ဘက်လူရဲ့  ခံစားချက်သာဖြစ်ပါတယ်။ ကိုယ့်ချစ်သူဟာ ဘယ်လိုလူစားမျိုးလဲ၊ ကိုယ့်ချစ်သူဟာ ဘယ်လိုဘ၀မျိုးကို တန်ဖိုးထားသလဲ၊ သူတန်ဖိုးထားတဲ့ ဘ၀နဲ့ လိုက်လျောညီထွေဖြစ်အောင် ကိုယ့်ဘက်က ကိုယ့်ဘ၀အတွက်ဘာတွေပြုပြင်ပြောင်းလဲ ပေးရမလဲ၊ သူဟာ ဘယ်လိုရရှိမှုမျိုးကို ကျေနပ်နှစ်သက်တတ်သလဲ၊ သူ့ကျေနပ်နှစ်သက်မှုအတွက် ကိုယ့်ဘက်က ဘာတွေပေးဆပ်ရမလဲ၊ အချစ်ဆိုတာ အလွန်တာဝန်ကြီးတဲ့ အနုပညာတစ်ခုပါမောင်ရယ်။
(မိန်းမတစ်ယောက်ရဲ့  ဖွင့်ဟ၀န်ခံချက်)

No comments:

Post a Comment