Sunday, February 19, 2012


ယောက်ျား/ အမျိုးသား......

ရိုမန်တစ်ဆန်ဖို့ မလိုပါဘူး။
ဒါပေမယ့် တာဝန်ယူမှုတော့ရှိရတယ်။

... ဝင်ငွေအများကြီးရှာဖို့ မလိုပါဘူး။
ဒါပေမယ့် မိသားစုကို ကျွေးမွေးရတယ်။

ဘာကိစ္စမဆို မိဘစကားနားထောင်ဖို့ မလိုပါဘူး။
ဒါပေမယ့် သားသမီးတို့ရဲ့ဝတ္တရားကို ကျေပွန်ရတယ်။

သူတော်ကောင်းကျင့်ဝတ်တွေပြည့်စုံဖို့ မလိုပါဘူး။
ဒါပေမယ့် မိန်းမ/ချစ်သူကိုတော့ ချစ်ခင်မြတ်နိုးရတယ်။

အရမ်းအောင်မြင်ကျော်ကြားဖို့ မလိုပါဘူး။
ဒါပေမယ့် မိသားစုကို အဖော်ပြုချိန်ရှိရတယ်။

သားသမီးတွေကို ပြုပြင်ပဲ့ကျောင်းဖို့ မလိုပါဘူး။
ဒါပေမယ့် သားသမီးတွေကို ချစ်ရတယ်။

ယောက်ျားမာန်မာနတွေ ရှိဖို့ မလိုပါဘူး။
ဒါပေမယ့် အရေးအရာကြုံလာရင် စိတ်ကူးအကြံဉာဏ်ရှိရတယ်။
(99sanay)

No comments:

Post a Comment