( တနင်္လာ )
မိတ်ဆွေ ဒီလထဲမှာ အလုပ်တွေမှ နှာင့်နှေးကြံ့ကြာသလို ပြောင်းလဲမှုတွေနဲ့ စိတ်သောကများနေရလိမ့်မယ့် ခရီးကိန်းတွေ များနေတတ်တယ်။ အိမ်တွင်းရေး မကောင်းပါ။
ကျန်းမာရေး=ရိုးတွင်းချဉ်ဆီသော်၎င်း၊ ဝမ်းရေတွင်သော်၎င်း ဥပါဒ်ပေးတတ်သည်။
ယတြာ=သစ်သီးစုံကိုကြံရွက်ပေါ်တင်၍အရှေ့ဘက်သို့မျက်နှာမူကာဘုရားလှူပါ။ *****************************************************************************

( အင်္ဂါ )
မိတ်ဆွေ ဒီလထဲမှာ ငွေကြေးနဲ့ပတ်သက်လို့ စိတ်သောကတွေ များနေတတ်တယ်။ ကိုယ့်ငွေတွေလဲ သူတပါးလက်ထဲ ရောက်နေလိမ့်မယ်။ အိုးအိမ်နဲ့ပတ်သက်လို့ စိတ်သောကတွေ များနေလိမ့်မယ်။ လုပ်ငန်းမှာ မိတ်ဆွေကောင်းတွေရဲ့ ရိုင်းပင်းမှုကို ခံရလိမ့်မယ်။ အချစ်ရေးကတော့ သိပ်ညံ့နေတယ်။
ကျန်းမာရေး=အရိုးတွေ ဘာတွေ ကျိုးတတ်တယ်။
ယတြာ=မွေးနေ့မှာ လဖက်ကို အုန်းရွက်ပေါ်တင်၍ ဘုရားလှူပါ။

*******************************************************************************
( ဗုဒ္ဓဟူး )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းကိစ္စတိုင်းကို အရာရာမှာသတိထားပါ။ စိတ်အေးအေးထားပါ။ လာဘ်လာဘတွေ ကောင်းနေတတ်တယ်။ လောဘကို သတိထားပါ။ အိမ်ထောင်ရေးပြဿနာ ပေါ်တတ်တယ်။

ကျန်းမာရေး=ဖနောင့်နဲ့ ဒူး ဥပါဒ်ပေးလိမ့်မယ်။
ယတြာ=သရက်သားကို သံလျက်ထု၍ ထိုသံလျက်ပေါ်မှာ ဖယောင်းမီးထွန်း၍ မွေးနေ့တိုင်း လှူပေးပါ။

********************************************************************************
( ကြာသပတေး )
မိတ်ဆွေ ဒီလထဲမှာ နာမည်ဂုဏ်သတင်းတွေ ပေါ်နေလိမ့်မယ်။ အိုးသစ် အိမ်သစ် ပြင်ဆင်ရတတ်တယ်။ မိတ်ဆွေရဲ့ ရင်းနှီးမှုနဲ့ နှောင့်ယှက်တာတွေ ခံရတတ်တယ်။ အချစ်ရေး စိတ်သောက များနေမယ်။
ကျန်းမာရေး=မျက်စိနဲ့ ပတ်သက်၍ ဥပါဒ်ပေးတတ်တယ်။
ယတြာ=ဇီးရွက်ပေါ်မှာ ထန်းသီး တင်၍ ဘုရားလှူပါ။
ယတြာ=ဇီးရွက်ပေါ်မှာ ထန်းသီး တင်၍ ဘုရားလှူပါ။
*******************************************************************************
( သောကြာ )
မိတ်ဆွေ ဒီလထဲမှာ ဆရာသမား အကြီးအကဲတွေရဲ့ အထင်အမြင်လွှဲမှားမှုတွေ ခံရလိမ့်မယ်။ စိတ်လေနေမယ်။ မိတ်ဆွေမိန်းမရဲ့ ကူညီမှုကြောင့် စိတ်ဆင်းရဲနေမယ်။ အချစ်ရေး ညံ့တယ်။
ကျန်းမာရေး=ဆီးနဲ့ပတ်သက်၍ သတိထားပါ။
ယတြာ=မွေးနေ့မှာ မေမြို့ပန်း ၁၉-ပွင့် ဘုရားလှူပါ။
ယတြာ=မွေးနေ့မှာ မေမြို့ပန်း ၁၉-ပွင့် ဘုရားလှူပါ။
********************************************************************************
( စနေ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ ထင်ပေါ်လာသလို စိတ်တွေလဲ လွတ်လပ်မှုတွေ ရတတ်တယ်။ မိတ်ဆွေနဲ့ လူမှုရေး ပညာရေး တွေမှာ စိတ်သောကတွေ များနေလိမ့်မယ်။
ကျန်းမာရေး=အကြီးအကဲ ကျန်းမာရေး သတိထားပါ။
ယတြာ=နှင်းဆီပန်း လေးပွင့် ဘုရားလှူ၍ လိုရာဆုတောင်းပါ။
ယတြာ=နှင်းဆီပန်း လေးပွင့် ဘုရားလှူ၍ လိုရာဆုတောင်းပါ။
********************************************************************************
( တနင်္ဂနွေ )
မိတ်ဆွေ ဒီလထဲမှာ အလုပ်အကိုင်တွေ ကောင်းလာလိမ့်မယ်။ ငွေတွေလဲ တသောသော ဝင်တတ်တယ်။ မုတ်ဆိုးမရဲ့ နှောင့်ယှက်မှုတွေလဲ ခံရတတ်တယ်။ ခရီးသွား ဆင်ချင်ပါ။ အချစ်ရေး သင့်ပေသည်။
ကျန်းမာရေး=သွေးနဲ့ ပတ်သက်၍ သတိထားပါ။
ယတြာ=အုန်းရွက် ၆-ရွက်တွင် တရွက်ကို ဆုတောင်းစာရေး၍ ဘုရားလှူပါ။

@mawluu.com
No comments:
Post a Comment