အငြိုး
* ဘယ်အငြိုးကပစ်လွှတ်လိုက်တယ်မသိဘူး
* မမြင်နိုင်တဲ့လမ်းပေါ် ယောင်လည်လည်နဲ့
* သူ့ လက်ကလေးကိုသာတမ်းတမိတယ်......
* အဆင်မပြေမှုတွေနဲ့ စနစ်တကျ လွဲချောမှုတွေက
* ရင်ခုန်သံကို မီးကင်ပြီး ၀ိုင်းဖွဲ့စားသောက်
* ဘယ်လိုမှန်းမသိတဲ့မာယာတွေပေါ်မှာ
* ငါ့ကိုယ်ငါ အတုအစစ် အခွဲခြားတက်ခဲ့ပြန်ဘူး......
*****************************************
ဆုံးရှုံးခြင်း
ဆုံးရှုံးခြင်းတဲ့
စကားလုံးကသာလှပနေခဲ့တာပါ
အထိနာရင်ကတော့
ကုစားမရ ဖြေသိမ့်မရ
နောင်တ အကြိမ်ကြိမ်ထွေးပိုက်ရင်း...
အစအဆုံး
ဟောဒီ
ဘယ်ဘက် ခပ်ယွန်းယွန်းနေရာက
စခဲ့တာပါ။
အကြည့်လေးတစ်ချက်
အပြုံးလေးတစ်လက်ကြောင့်
တချက်ချက်ခုန်ရင်း
တင်းတင်းကြိတ်ထားခဲ့ရတဲ့ အံတွေ
ပြေလျောခဲ့။
တစ်မျှော်တစ်ခေါ် ဝေးပြီး
ဘယ်လိုခရီးမှန်းမသိတဲ့
လောကသစ်တွေကိုလဲ
ဖြတ်သန်းဖို့ရဲခဲ့။
အဲဒီ့ ဘယ်ဘက်
တချက်ချက်လေးကြောင့်ပါကွယ်။
No comments:
Post a Comment