
ပါဝင်သောပစ္စည်းများ
ကြက်သွန်နီနုပ်နုပ်စဉ်း - ၂ လုံး
မုန်လာဥနီနုပ်နုပ်စဉ်း - ၁ လုံး
ကြက်တောင်ပံ - ၅ ချောင်း
ဝက်ကြိတ်သား/ကြက်/ပင်လယ်စာ - ၁၀ ကျပ်သား
ဟင်းခတ်မှုန့်- ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ဆား/ ငရုတ်ကောင်း - အနည်းငယ်
ပေါင်မုန့်ခြောက် - ၁ ခွက်
ကြက်ဥအကြေခေါက်အရည် - ၂ လုံး
ဂျုံမှုန့် - ၁ ခွက်
ဆီ - ကြော်ရန်
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ပထမဦးစွာ ကြက်တောင်ပံကို အဆစ်မှ ဖြတ်ကာ အရေပြားအတွင်းမှ အရိုးကို ထုတ်ထားပါ။ (ပေါက်ပြဲမှု မရှိအောင် သတိထား၍ ထုတ်ပါ။)
၂။ ဝက်ကြိတ်သားနှင့် ကြက်သွန်နီ၊ မုန်လာဥနီတို့ကို အရသာရှိအောင် ဟင်းခတ်မှုန့်တို့ဖြင့် ရောမွှေထားပါ။
၃။ အစာသွတ်ရန် အဆင်သင့်ဖြစ်လျှင် ကြက်တောင်ပံ၏ အပေါက်အတွင်းသို့ ဂျုံမှုန့် အနည်းငယ် သုတ်လိမ်းပါ။ ထိုနေရာမှ တစ်ဆင့် အသားကို ထည့်ပါ။ (ပြည့်ဖောင်းကားအောင် မထည့်ရ။)
၎။ ထိုသို့ အစာသွတ်ပြီးလျှင် ဂျုံမှုန့်သုတ်၊ ကြက်ဥသုတ်၊ ပေါင်မုန့်ခြောက်ကပ်ပြီး အပူပေးထားသော ဆီအိုးထဲတွင် မီးအပူချိန် အသင့်အတင့်ဖြင့် မြုပ်သည်အထိထည့်ပါ။ ရွှေညိုရောင်ပြောင်းပြီးအတွင်းမှ အသားများကျက်လျှင် ပုံတွင်ပြထားသည့်အတိုင်း အကွင်းလေးများလှီးဖြတ်၍ ကြိုက်နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment