ရုံးပဒီသီးကို ရေဆေးပြီး ထိပ်နှစ်ဘက်တိထားပါတယ်။
ပြီးတော့ စွေစွေလေးတွေ လှီးပါတယ်။ ကြက်သွန်နီ၊ ဖြူ ဆီသတ်ပါတယ်။
ရုံးပဒီသီး တစ်ပန်းကန်စာအတွက် ပဲငါးပိ ကို ထမင်းစားဇွန်းနဲ့ 
တစ်ဇွန်းထည့်ပါတယ်။ ပဲငါးပိ အစပ်ကို သုံးထားပါတယ်။
ဆားနည်းနည်းထည့်ပြီးရင် ရေနွေးလေး နည်းနည်းထည့်ပါ။
ရုံးပဒီသီးနပ်ရင် စားလို့ ရပါပြီရှင်။
ထမင်းမြိန်စေတဲ့ အသားလွတ်ဟင်းတစ်မျိုးပါ။
ယနေ့ ဝါဆိုလပြည့်နေ့ မှာ ကျွန်မဘုရားကို ချက်ပြီးကပ်ခဲ့တဲ့
အသားလွတ် ဟင်းတွေထဲက တစ်မျိုးပါ။
အသား၊ငါးတွေ မစားချင်တဲ့ အခါမှာ စပ်စပ်လေးနဲ့ ခံတွင်းလိုက်တဲ့
အသားလွတ်ဟင်းတစ်မျိုးဖြစ်ပါတယ်ရှင်။
No comments:
Post a Comment