Saturday, November 13, 2010

စားကျမယ်ဟေ့ကောင်းကောင်း

ဒီနေ့ ရှမ်းခေါက်ဆွဲလေးလုပ်စားကြည့်ရအောင်။ တောင်ပိုင်းရှမ်း၊ မြောက်ပိုင်းရှမ်းတွေပြင်ဆင်ပေးတဲ့ ရှမ်းခေါက်ဆွဲတော့ဟုတ်ဘူးနော်။ မြန်မာလူမျိုးလုပ်စားတဲ့ ရှမ်းခေါက်ဆွဲ...ဟီး ဟီး။

ရှမ်းခေါက်ဆွဲ ပြုလုပ်နည်း
ပါဝင်သောပစ္စည်းများ -
(၁) ကြက်သား(သို့)၀က်သား - ၅၀ သား
(၂) ရှမ်းခေါက်ဆွဲခြောက် (အစီး^အဖွယ် ကိုယ်ကြိုက်နှစ်သက်ရာ) - ၂စီး
(၃) ဂျုံခေါက်ဆွဲ - ၁၀ သား
(၄) ဘဲဥ - ၂လုံး
(၅) ဆီတို့ဟူး - ၁တုံး
(၆) ပဲပုပ် - အနည်းငယ်
(၇) ငရုတ်ကောင်းမှုန့် - အနည်းငယ်
(၈) ရှောက်တကောပါကော်မှုန့် - အနည်းငယ်
(၉) ကြက်သွန်မိတ်၊ နံနံပင် - အနည်းငယ်

အဆင့်ဆင့်ပြုလုပ်နည်း
ရှမ်းခေါက်ဆွဲခြောက်ကို တစ်နာရီခွဲလောက် ကြိုတင်ရေစိမ်ထားပါ။ ကြက်သား(သို့)၀က်သားကို ရေနွေးပွက်ပွက်ဆူတွင် ထည့်ပြုတ်ပါ။ အသားနူးအိပါက ဆယ်၍နွှင်ထားပါ။ ဘဲဥကို မွှေခေါက်၍ ဒယ်အိုးပြားတွင် ဆီအနည်းငယ်သာထည့်ကြော်ပြီး လိပ်၍ ပါးပါးပြန်လှီးပါ။ ဆီတို့ဟူးကို ရေနွေးနည်းနည်းဖြင့် ရေဖျော်ထားပါ။ ဂျုံခေါက်ဆွဲကို ဆီများဖြင့် အကြွပ်ကြော်ပါ။ ပါဝင်ပစ္စည်းများ အဆင်သင့်ဖြစ်လျှင် ခေါက်ဆွဲကို ရေနွေးဖြင့် အနေတော်ဖြော၍ ပြင်ဆင်ထားသော ဟင်းအမယ်များကို စုံလင်စွာထည့်၍ သုံးဆောင်နိုင်ပါသည်။ (တစ်ပွဲစာစီခန့်မှန်းထည့်ပြီးပြင်ဆင်စားသောက်ကြတာပေါ့)

ဝက်ခေါက်ကြော်၊ တို့ဟူးကြော်၊ မုန့်ညင်းချဉ်တို့ မုန်လာဥဖြူချဉ်တို့နှင့် ပြီးတော့ ကြက်ရိုးပြုတ်ရည်နံနံခတ်ပြီး တွဲဖက်စားသောက်လိုက်ရင်တော့ အရမ်းဂွတ်မယ်ထင်ပါတယ်။
ကဲဒီတစ်ခါ မန္တလေးကနန်းကြီးသုပ်တစ်မျိုးကိုသုပ်စားကြရအောင်။ မုန့်တီဖတ်ဖြင့်သုပ်စားလျှင်ရပေမယ့် ခေါက်ဆွဲနန်းပြားကိုသုပ်စားကြတာပေါ့နော်။

မန္တလေးနန်းကြီးသုပ် (ခေါက်ဆွဲနန်းပြား)

ဂျုံခေါက်ဆွဲ ၁ ပိဿာ ၅၀သား
အုန်းသီး ၁ လုံး
ကြက်သွန်ဖြူ - နီ ၂ကျပ်ခွဲသားစီ
ကြက်သား - ၅၀ သား
ဆီ ၂၀ သား
မုန့်ကြွပ် ၅၀သား (ကြော်ထားပါ)
အချိုမှုန့် စားပွဲတင်ဇွန်းတစ်ဇွန်း
ငံပြာရည် ၅ကျပ်သား
ပဲမှုန့် ၅ကျပ်သား
အရောင်တင်မှုန့် ၂ကျပ်ခွဲသား

ပြင်ဆင်ပုံ
အုန်းသီးဦးရေကိုသပ်သပ်ဖယ် နှောင်းရေကို ပျစ်အောင်ကျို၊ ကြက်သားနူးရုံပြုတ်၊ အသားသေးသေးနွှင်၊ နနွင်း၊ အချိုမှုန့်နှင့်နယ်ထား။ ကြက်သွန်ဖြူ-နီထောင်းထားပြီးဆီသတ်၍ နီရောင်သန်းလာလျှင် အရောင်တင်မှုန့်ထည့်။ ငရုတ်စိမ်းနံ့ပျောက်လျှင် ကြက်သားထည့်မွှေ၊ အုန်းနို့ရည်များထည့်ပါ။ အပေါ့အငန်လိုသလိုထည့်၊ ဆီကျန်ရေ ကျန်ချက်ထား။

ပန်းကန်တွင် ခေါက်ဆွဲထည့်၊ ကြက်သားအုန်းနို့ဟင်းဆမ်း၊ မုန့်ကြွပ်ဖြူး၊ ငရုတ်သီးခြောက် မညက်တညက်ထောင်း၊ ကြက်သွန်ဖြူဓားပြားရိုက်၍ဆီနှင့်ကြော်ထားသော၊ ရှောက်၊သံပရာစိတ်၊ကြက်သွန်ဥကြီး ပါးပါးလှီးပြီးသားများကိုထည့်ပါ။
ကြက်ရိုးဟင်းချိုကို ကြက်သွန်ဖြူခတ်၍ သုံးဆောင်ပါ။

@ainmat.com

No comments:

Post a Comment