LOVE
L~ not only for "Lust"
O~ not only for "Over"
V~ not only for "Vile things"
E~ not only for "Emotion"
L က ရမ္မက်တစ်ခုတည်းကို ကိုယ်စားပြုဘူး။
Oက ပြီးဆုံးခြင်းတစ်ခုတည်းကို ကိုယ်စားမပြုဘူး။
V က ဆိုးညစ်တဲ့အရာတွေကိုချည်း ကိုယ်စားမပြူဘူး။
E က ခံစားမှုတစ်ခုတည်းကို ကိုယ်စားမပြူဘူး။
***********************************
အချစ်ဟူသည်.........
မတွေ့၊ မမြင်၊ မကြားပေမဲ့
သိစိတ်တစ်ခုက 'သူ' ဟုသိလျှင်
နှလုံးသားချင်း နီးလို့ရနေသည် မဟုတ်ပါလား...........
***************************************
ဒါပေမဲ့
သစ္စာဆိုတဲ့စကားကို
နားခါးလောက်အောင်ရေရွတ်မှာမဟုတ်ဘူး
အထပ်ထပ်အခါခါကတိတွေထားခဲ့ပြီးမ
အမှားတစ်ခုကိုစုံနင်းရှောင်ကွင်းပြေးမယ့်
သူမဟုတ်ဘူးရင်ထဲထည့်လိုက်ပြီဆိုမှ
အားနည်းချက်ရှာပြီးလမ်းခွဲမယ့်သူမဟုတ်ဘူး
ဒါပေမယ့်...သူမကြင်လို့ မခင်တော့ရင်သူအသစ်မြင်လို့ 
သစ္စာဆိုတာကိုမသိရင်ဒီကလည်း
အချစ်ကိုဦးညွှတ်နွံထဲအနစ်ခံလို့ 
မေတ္တာကျွန်ဖြစ်နေမယ့်သူမဟုတ်ဘူး..။
******************************************
သတိရမိခြင်း
ရှိသမျှ နာရီ
ရှိသမျှ ရာသီ
ရှိသမျှ ကာလ
ထာဝရ များစွာမှာ
သတိရမိတာ....
သဘာဝ တရားပါကွယ်။
************************************
ဝေဒနာ
မှားမိသူ အပြစ်အယွင်းကြောင့်
ပါးထက်မှာ မြစ်နှစ်စင်းရယ်က
ခါးသက်စွာယူ..ယူကာဆင်းခဲ့ပေါ့
အသုရာနေ နွေလှောင်ချိုင့်အတွင်းမှာ
ယူဇနာရှည်ဝေဒနာအပြည့်နဲ့ သခင်ရယ်......
ရင်ထဲမှာ..........
**************************************
အချစ်
By Myat Thandar Khaing · Tuesday, October 12, 2010
အများစုသော လူတွေက အချစ်ဆိုတဲ့အရာကို
ခံစားချက်သက်သက်လို့ ထင်နေကြတယ်။
တကယ်တမ်းကျတော့
အချစ်ဟာ ခံစားချက်သက်သက်မဟုတ်ပါဘူး။
အတက်ပညာတစ်ခုပါ
ဒါကိုလည်းတစ်ဖြေးဖြေးကျမှ
ကျွန်မတို့ နားလည်လာရတာ
ကိုယ်မြတ်နိုးတဲ့သစ်ပင် ကိုယ်မြတ်နိုးတဲ့သူ
တစ်စုံတစ်ယောက် မှန်ကန်စွာ ကြီးပြင်းရင့်ကျက်အောင်
ပျော်ရွှင်ကျေနပ်အောင် အရိပ်တကြည့်ကြည့်
ဂရုစိုက် စစ်ဆေးပြီး လိုအပ်ချက်မှန်သမျှ
နားလည်သိတက်စ...
****************************************
love
''အချစ်ဆိုတာ ပန်းရိုင်းပွင့်တွေလိုပဲ မထင်မှတ်တဲ့နေရာတွေမှာ မကြာခဏတွေ့ရတက်တယ်။''
''တစ်ခါတစ်လေတော့လဲ မျက်လုံးနဲ့မမြင်နိုင်တဲ့ အရာကို အသဲနုလုံးက မြင်ရတက်တယ်။''
''အချစ်ကင်းမဲ့တဲ့ လက်ထပ်ခြင်းတွေရှိနေသ၍
လက်ထပ်လို့ မဖြစ်တဲ့ အချစ်တွေ ပေါ်ပေါက်နေလိမ့်မယ်။''
*********************************************
No comments:
Post a Comment