Monday, November 15, 2010

အကာင်းဆုံး အခမဲ့ရယူနိုင်သော Anti-virus software websiteများ

Sophos Anti_rootkit
http://www.sophos.com
XP/Vista/7 (1.3Mb)
Process အကုန်လုံးကိုအလိုအလျှောက် run စေနိုင်ပြီး window registry and hard disk များအတွင်းရှိသော file အကြွင်းအကျန်အစအနများကို configation ပြုလုပ်ထားရုံဖြင့် အလိုအလျောက်scan ဖတ်ပေမည့် rootkit ဖယ်ရှာပေးသော software တစ်ခုဟုဆိုနိုင်ပါတယ်။ အားနည်းသည့်အချက်တစ်ခုအနေဖြင့် ၄င်းနှင့်အတူ sophos anti-virus ကိုဆက်လက်သုံစွနိုင်မည်ဖြစ်သည်။

Rubotted
http://free.antivirus.com/rutotted
XP/Vista/7 (6.2MB)
ိ ddos တိုက်ခိုက်မှုများအတွက် ကာကွယ်နိုင်သော software တစ်ခုဖြစ်ပြီး hijack ပြုလုပ်ခံရသော ကွန်ပျူတာများကိုပြန်လည်ကယ်ယူရာ၌ အထူးအားကိုးနိုင်သည့်softwareကောင်းတစ်ခုဟုtrandmicro ကအာမခံထားပါသည်။ အားနည်းချက်အနေဖြင့် 64 bit Os များအတွက် ထုတ်လုပ်ပေးထားခြင်းမရှိပဲ 32bit များအတွက် ထုတ်လုပ်ပေးထားရာတွင် bot များကိုရှင်းလင်းးရာ၌ 60% မျှသာ အားကိုးနိုင်သည်။

Wot
http://mywot.com
XP/Vista/7 (723KB)
Browser ပေါ်တွင် add-on တစ်ခုအနေဖြင့် ပေါင်းထည့်ပေးနိုင်ပြီး လုံခြုံရေးနှင့် အရွယ်မရောက်သေးသော ကလေးများအတွက် website များကိုကြည့်ရှုရာတွင် လုံခြုံမှုအရှိဆုံးနှင့် အကောင်းဆုံးကာကွယ်ပေးနိုင်သည့် software တစ်ခုဟုဆိုနိုင်ပြီး ရှာဖွေလိုက်သော search result များကိုမည့်သည့် website တွင်မည်သို့သံသယဖြစ်ဖွယ်ရာကောင်းသည် မကောင်းသည် ဆိုသည်ကို ချက်ချင်းဖော်ပြပေးသည်။

McAfee
http://siteadvisor.com
XP/Vista/7 (6.4MB)
2009-2010ခုနှစ်တွင် ထွက်ပေါ်လာသမျှ add-on များထဲ၌ စိတ်ဝင်စားဖွယ်အကောင်းဆုံးနှင့် အလေးအနက်အထားသင့်ဆုံး add-on တစ်ခုဖြစ်ပြီးwebsite များကြည့်ရူရာ၌အရောင်များနှင့် မည်သည့်website ကကွန်ပျူတာကို တိတ်တခိုး malware and spyware များပိုလွှတ်စေနိုင်သည် ဆိုသည်ကို ခွဲခြားပြသပေးမည်ဖြစ်သည်။ add-on တစ်ခုအနေဖြင့် ၄င်းညွှန်ပြသော အနီရောင်အမှတ်အသားသို့မဟုတ် ဆိုးရွားသော website များကိုဝင်ရောက်မကြည့်ရူရန် ကလေးငယ်များကို လမ်းညျွန်ပေးထားနိုင်သည်။

Phish Tank Site Checker
http://bit.ly/phish248
XP/Vista/7 (80KB)
အင်တာနက်မှတစ်ဆင့် phishing ပြုလုပ်နိုင်တဲ့ firfox add-on တစ်ခုဖြစ်ပြီး website များကိုရှာဖွေကြည့်ရူစစ်ဆေးနိုင်ပြီး အတူအယောင်လိပ်စာများကို ချက်ချင်းကြည့်ရူကာ block လုပ်နိုင်သည်။ Browser ရဲ့အောက်ခြေ barမှာရှိတဲ့ icon ကနေတစ်ဆင့် သတင်းအချက်အလက်များကို အလွယ်တစ်ကူကြည့်ရူစေနိုင်သည်။ ဆိုးဆိုးရွားရွားwebsite များကိုအလံပြ၍ တားမြစ်ထားသည်။

Comodo Vertification Engin
http://vengine.com
XP/Vista/7 (3.5MB)
အလွယ်တကူအသုံးပြုနိုင်ပြီး browser တစ်ခုထက်ပို၍ အသုံးပြုနိုင်သည်။ website တစ်ခုပေါ်ရှိ logo ပေါ်သို့ mouse တင်လိုက်သည်နှင့် အဆိုပါ website ၏ အချက်အလက်များကိုနောက်ကွယ်ကနေ စစ်ဆေးပေသည်။ အကယ်၍ website ကောင်းဆိုပါက အရောင်များဖြင့်ခွဲခြားပြသနိုင်သည့် program option များပါဝင်သည်။

Mailwasher free6.5
http://mailwasher.net
XP/Vista/7 (9.3MB)
Email server မှတစ်ဆင့် ၀င်ရောက်လာသော e-mail မှန်သမျှကို ပါဝင်လာသည့် အကြောင်းအရာများအပေါ်မူတည်၍ စစ်ဆေးပေးပြီး ပါဝင်လာသည့် attachment များကို စစ်ဆေးပေးနိုင်သည်။အထူးသဖြင့် outlook mail ကို sever အနေနဲ့သုံးထားသော email သုံးစွဲသူများအတွက် အထူးသင့်လျော်သည့် software တစ်ခုဖြစ်သည်။ ထို့အပြင်webmail များဖြစ်သည့် gmail, hotmail, စသော mail များကိုလည်းစစ်ဆေးပေးနိုင်စွမ်း၇ှိသည်။

Cactus spam filter
http://codeode.com
XP/Vista/7 (697KB)
Cactus spam filter ကို သုံးစွဲရန်အတွက် မည်သည့်account မှမလိုအပ်ဘဲ အလွယ်တစ်ကူရယူနိုင်သည်။ outlook express အပါအ၀င် operam, thunder bird တို့ကဲ့သို့ servermail များအတွက်လည်း အဆင်ပြေစေနိုင်သည်။ spam message များရောက်ရောက်ချင်း ချက်ချင်းသတိပေးအကြောင်းကြားမည့်ဖြစ်ပြီး တချို့သော spam များကိုလည်း ၄င်းနည်း၎င်းဟန်ဖြင့် ဖျက်ဆီးပစ်မည်ဖြစ်သည်။

Secuniapsi 1.5
http://secunia.com
XP/Vista/7 (738KB)
ခေတ်မမီတော့သော program များ၏အကြွင်းအကျန်များfile အစအနများနှင့် အချို့သော software များကိုပြန်လည် fix ပြုလုပ်ရာတွင် သုံးစွဲစေနိုင်ပြီး virus ရှင်းလင်းသည့် program တစ်ခုမဟုတ်ပေ။ အထူးသဖြင့်စနစ်ကို ရှင်းလင်းသန့်စင်ပေးမည့် software လေးတစ်ခုအနေဖြင့်အလုပ်ပြီး ကွန်ပျူတာ၏ မှားယွင်းနေသောစနစ်များကို ဖြေရှင်းပေးသည်။

Update Checker
http://filehippo.com/updatechecker
XP/Vista/7 (247KB)
.net frame work ရှီသည့် မည်သည့်ကွန်ပျူတာကိုမဆို website တစ်ခုမှ software အသစ်တစ်ခု( သို့ ) update version တစ်ခုရောက်လာတိုင်းအကြောင်းကြားပေးမည့် software လေးတစ်ခုဖြစ်သည် beta လွှင့်ထုတ်မှုများအပါအ၀င် မျိုးစုံသော software အသစ်များအတွက် အကြောင်းကြားပေးမည့်ဖြစ်သည်။
@NeGuide journal

No comments:

Post a Comment